Dr.အေးဇော်ထွန်း နှင့်သူ့၏သား စသုတမွန် တို့ ပျောက်ဆုံးမှု
- Gduen
- Dec 28, 2019
- 9 min read
Dr.အေးဇော်ထွန်း နှင့်သူ့၏သား စသုတမွန် တို့ ပျောက်ဆုံးမှု အတွက် နေ့ရက် အလိုက်ကျွန်တော်တို့ ရှာဖွေမှုတွေ စုံစမ်းမှုတွေ ကိုတင်ပြပေးသွားပါမည် Dr AZT တို့ ၅-၁၂-၂၀၁၉ ကြာသပတေး ညမှာ အိမ်ပြန် မရောက်တဲ့အကြောင်း သူ၏ ဇနီး Dr နန့်သင်းသီရိမွန်မှ ၆-၁၂-၂၀၁၉ မနက်မှာ ဖုန်းဆက်အကြောင်းကြားလာပါတယ် Dr AZT အကြောင်းကို ကျွန်တော် တို့က သိသောကြောင့် ကလေးပါ ခေါ်ပီး ထွက်သွားမယ့် လူမျိုး မဟုတ်လို့ကျွန်တော် တို့ စိုးရိမ် ပီးသိသိချင်းမနက် မှာပဲ မော်လမြိုင်မြို့ အနှံ လိုက်လံ ရှာဖွေခဲ့ပါတယ် ဆေးရုံတွေ လူမှု ကယ်ဆယ်ရေး အဖွဲ့တွေ သူပြန်မယ့် လမ်းကြောင်းတွေ မှာ ကား accident တခုခု ဖြစ်မလား ဆိုပီး လမ်းဘေးဝဲယာ တနေကုန် လိုက်လံ ကြည့်ရှု ခဲ့ပါတယ် နောက်ပီး ညမှာ သူနဲ့ တူတူ ထိုင်ခဲ့ တဲ့ လူတွေ ကို မေးမြန်းပီး ဘယ်ချိန် ပြန်သွားလဲ ဖြစ်နိုင်မယ့် ဂိတ် ထွက်ပေါက်တွေကို အဓိက စုံစမ်း မေးမြန်းခဲ့ပါတယ် နေ့လည် ၁ နာရီ လောက်မှာ ဘယ်လိုမှ မတွေ့တာကြောင့် Dr ၏ ဖခင် မှ အမှု ဖွင့်ရန် ရွှေမြိုင်သီရိ ရဲခစန်း မှာ အမှုဖွင့်ဖို့ သွားရောက်ခဲ့ပါတယ် နောက်ဆုံးတွေ့ရှိတဲ့ နေရာက ဧရာဝတီ စားသောက်ဆိုင် ဖြစ်သောကြောင့် မုပွန်ရဲစခန်း သို့ သွားရောက် အမှု ဖွင့်ခဲ့ပါတယ် ဟိုရှာ ဒီရှာ နဲ့ မုပွန်ရဲခစန်းမှာ အမှု ဖွင့်ချိန်က နေ့လည် ၃ နာရီ လောက်မှ စဖွင့်ဖြစ်ပါတယ် အဲဒီ အချိန် ထိ ကျွန်တော် တို့ Dr AZT ပြန်မယ့် လမ်းကြောင်းမှာ CCTV ရှိမယ့် အိမ်တွေကို မသိရှိသေးပါဘူး ကျွန်တော်လဲ တယောက်တည်း ဖြစ်သောကြောင့် ကားမောင်းရင်း CCTV ရှိမယ့် အိမ်ကို ရှာဖွေရာမှာ မတွေ့ မမြင်ခဲ့မိပါဘူး၆-၁၂ ရက်နေ့ ည မှာ Dr ၏ ဇနီး ၊ ညီမ နှင့် ယောက်ဖ တို့ ၁၁:၀၀ လောက် ရန်ကုန် မြို့မှ မော်လမြိုင်သို့ ရောက်ရှိခဲ့ပါတယ် သူ၏ ဇနီး မှာ ရန်ကုန်တွင် ဘွဲ့ လွန် တက်နေပါတယ် ရောက်ရောက် ချင်းပဲ AYA စားသောက်ဆိုင်အပြန် လမ်းကြောင်းရှိ CCTV တွေကို စတင်ကြည့်ရှု ခဲ့ပါတယ် ပထမဦးဆုံး ကောင်းမြတ် ဟိုတယ် က CCTV ကို ကြည့်ရှု ခဲ့ပါတယ် အဲမှာ Dr AZT ၏ ကားလို့ ယူဆ ရတဲ့ ကားတစီး ၁၀:၄၅ ဝန်းကျင်မှာ ဖြတ်သွားတာ တွေ့ရှိလိုက်ပါတယ် CCTV ရဲ့ ကင်မရာ က ဝေးကွာ လွန်း သောကြောင့် အတိအကျ မှန်တယ် လို့ တော့ ယူဆ လို့မရသေးပါဘူးအဲကနေ တဆင့် သူပြန်မယ့် လမ်းကြောင်း ဖြစ်တဲ့ ဝန်ကြီးအိမ်ရာ လမ်းထောင့်မှာ CCTV ရှိမလားဆိုပီး ကြည့်ခဲ့ပါတယ် CCTV မရှိပါဘူး ငန်းတေး မီးစက် ရှေ့ ပတ်ကြည့်ရင်း CCTV တပ်ထားတာ တွေ့သောကြောင့် ချက်ချင်း ကြည့်ရှု ဖို့ အတွက် ကျွန်တော် တို့ တောင်းဆိုခဲ့ပါတယ် သို့ပေမယ့် ကျွန်တော် တို့ အရပ်သား များအတွက် CCTV တွေ ကြည့်ရှု ဖို့ အတွက် က အလွယ်တကူ ကြည့်ခွင့် မရခဲ့ပါဘူး အမှုစစ် ရဲကို ခေါ်ဆောင်ပီး CCTV file ကို memory stick ထဲ ကူးပီး ယူဆောင်ခဲ့ပါတယ် မီးပွိုင့် ထောင့်က စတိုး ဆိုင်မှာ CCTV ရှိကြောင်း မီးစက်မှ ဝန်ထမ်း မှ ပြောသောကြောင့် သွားရောက်ကြည့်ရှုရန် သွားတဲ့ အချိန်မှာ မနက် ၂-၃ နာရီ ဖြစ်နေသောကြောင့် စတိုးဆိုင်ကို နှိုး ၍ မရခဲ့ပါဘူး ကျွန်တော် တို့ ငန်းတေးမီးစက် က ရလာတော့ file ကိုပဲ အိမ်မှာ ကြည့်ရှု ဖို့ ယူဆောင်လာခဲ့ပါတယ် အဲ မှာ Dr AZT ရဲ့ ကားနဲ့ ဆင်တူ ကားတစီး ငန်းတေး မီးစက်ရှေ့က ဖြတ်သွားတာကို 11:42 pm (5-12-19) မှာ တွေ့ရှိခဲ့ပါတယ် ### 7-12-2019 ### အဲမနက်မှာ ပဲ သူ၏ယောက်ဖ ကိုအောင်သူဟိန်း မှ ဝန်ကြီး အိမ်ယာ မီးပွိုင့် ဦးဝင်းကို စတိုး ဆိုင်မှ Dr AZT ၏ ကား အုတ်ဖို လမ်း ထဲ သို့ ဝင်သွားကြောင်း ဖုန်းဆက်အကြောင်းကြားလာပါတယ် ငန်းတေးမီးစက်ရှေ့မှာလဲ သူ၏ကား(ဆင်တူ)တွေ့သောကြောင့် အုတ်ဖို လမ်းထဲ ဝင်ပီးမှ ကျိုက်မရော အဝိုင်းဘက်ကို ကိစ္စ တခုခုကြောင့် သူမောင်းလိုက်တယ်လို့ ယူဆ လိုက်ရပါတယ်။ ကျွန်တော်တို့ အမျိုးမျိုး စဉ်းစားကြည့်ပါတယ်သူ့ကားပေါ်လူပါသွားလား ဆိုတာ AYA ဆိုင်က CCTV ကို ပြန်ကြည့်ပါတယ် သံသယ ဖြစ်စရာ မတွေ့ပါဘူး ဒါပေမယ့် ဝန်ကြီးအိမ်ယာ မီး ပွိုင့် မှာ သူ့ကား က မီးနီ လို့ ရပ်ပီးမှ ဖြေးဖြေးချင်းမောင်းထွက်သွားတာပါ ငန်းတေးမီးစက် ရှေ့မှာတော့ speed နည်းနည်းပိုများပါတယ် ကျွန်တော်တို့အထင် criminal တခုခု ကြောင့် သူ့ကို အတင်း ဇွတ်မောင်းခိုင်းတယ်လို့ ယူဆမိပါတယ် အဲဒါကြောင့် ကျွန်တော် တို့ ကျိုက်မရော အဝိုင်း ကနေ ထွက်ပေါက် ၃ ပေါက် ဖြစ်တဲ့ (၁) ဦးစစ်မောင်လမ်း (၂) ကျိုက်မရော သို့သွားသောလမ်း (၃)စက်မှုဇုန်မှ တဆင့် ဘားအံ ဘက် သွားတဲ့ လမ်းကို စစ်ဆေးပါတယ် ဦးစစ်မောင် လမ်းကြောင်း မှာ CCTV ရှိနိုင်တဲ့ ဆာဝါဒီ ဟိုတယ် ကို မေးကြည့်တော့ လမ်းမ ဘက် CCTV ပျက်နေတယ်လို့ အကြောင်းကြားလာပါတယ် ကျိုက်မရော သွားတဲ့ လမ်း မှာ CCTV ရပါတယ် ကျွန်တော်တို့ မနက် ၃ နာရီ အချိန် ထိ ကြည့်ရှုခဲ့ပါတယ် သံသယ ဖြစ်စရာ သူ့ကား တစီး မှ မဖြတ်ပါဘူး အဲရက်တွေက စနေ နေ့ ရုံးပိတ်ရက် ဖြစ်တာကြောင့် အချို့ နေရာတွေ CCTV တွေ မကြည့်ရှု ရပါဘူး စက်မှုဇုန် ဘားအံ ဘက် အထွက်လမ်း မှာ မြို့ဝင်ကြေး ကောက်တဲ့ နေရာ မှာ CCTV ရှိပါတယ် အဲနေ့မှာ ပဲ မော်လမြိုင် တမြို့လုံး မီး ပျက်နေလို့ CCTV ကို စနေနေ့ ညနေ ၄ နာရီ မှ ကြည့်ရှု ခဲ့ရပါတယ်အဲမှာလဲ Dr AZT ရဲ့ကား ဖြတ်သန်းတာကို မတွေ့ရှိခဲ့ပါဘူး ဒီချိန် ထိ CCTV လမ်းကြောင်း တွေကို ကျွန်တော့်တို့ဘာသာ လိုက်လံ ရှာဖွေ ကြည့်ရှုခဲ့တာပါ အဲ နေ့မှာလဲပဲ အဖွဲ့တွေ ခွဲ ပီး ဘားအံ ဘက် ကျိုက်မရောဘက် မုဒုံ ဘက်တွေ မှာ လိုက်လံ ရှာဖွေ ခဲ့ပါတယ် ကျွန်တော်တို့ တွေ့ရှိတဲ့ CCTV တွေကို ရဲတွေ ဆီ သတင်းပို့ပေးလိုက်ပါတယ်အဲနေ့ထိက ကျွန်တော်တို့က လမ်းကြောင်းပြောင်းပီး ကျိုက်မရောအဝိုင်း ဘက်ကို ထွက်သွားပါတယ်လို့ပဲ ယူဆမိပါတယ် ### (8-12-19) ### အဲနေ့မှာပဲ ကျွန်တော် တို့သယ်ရင်း Dr kyaw thet ထံ အဆက်အသွယ်ရပီး သူ့တို့အိမ်က ငန်းတေးအုတ်ဖို လမ်းဆုံထောင့်တွင် ရှိကြောင်း အဝင် အထွက် သူတို့ အိမ်ရှေ့က ဖြတ်ရကြောင်း သူ့အိမ်မှာ CCTV တပ်ဆင်ထားကြောင်း ဖုန်းဆက်အကြောင်း ကြားလာပါတယ် ဖြစ်ချင်တော့ အဲနေ့ မနက်ပိုင်းက သူ့အိမ် မိသားစု မှာ ကျိုက်ထို မင်္ဂလာဆောင်သို့ ရောက်ရှိနေသောကြောင့် CCTV မှတ်တမ်း ချက်ချင်း ကြည့်ခွင့် မရခဲ့ပါဘူးသူတို့ပြန်လာပီး မှ သူတို့ ကြည့်ရှု ပီး Dr AZT ကားနှင့် တူတော့ ကား ဖြတ်သန်းသွားကြောင်း နာရီဝက်ကြာသည်အထိသူတို့ကြည့်ရှုရာမှာ Dr AZT ၏ကား ပြန်လည် ဖြတ်သန်းမှု မတွေ့ရကြောင်း ဖုန်းဆက်အကြောင်းကြားလာပါတယ် ကျွန်တော်တို့လဲ သိသိချင်း ကား ကို confirm ဖို့ သွားရောက်ခဲ့ပါတယ်အဲဒီ အချိန်က ညနေ ၆-၇ နာရီခန့် ရှိပါပီ သူ၏မိသားစု နဲ့ သူ၏ကား ဟုတ်မဟုတ် ကြည့်ရှုရာမှာ သူ့ကား သေချာပီး ငန်းတေး မီးစက် ရှေ့က ဖြတ်သွားသော ကားမှာ တခြားကား ဖြစ်ကြောင်း သိရှိလိုက်ရပါတယ် အုတ်ဖိုလမ်း ကနေ သူ၏ အိမ်ကို ဖြတ်သွားရန် ကွန်ကရစ် ဖြတ်လမ်း တခု ရှိပါတယ် အဲဒီ လမ်းက ညဘက် ဆိုရင် လူ နည်းနည်း ပြတ်ပါတယ် ကျွန်တော်တို့ ယူဆ တာကအဲလမ်းကနေ ပြန်ပီးလုယက်မှု ဖြစ်ပီး သို့ accident ဖြစ်တယ်လို့ ယူဆ မိပါတယ် အဲညမှာပဲ Dr kyaw thet တို့ အဖေ အကူအညီ ဖြင့် လူအင်အား ၂၀ လောက် နဲ့ အဲလမ်း တဝိုက် ချုံ ရေကန် တို့မှာ ညဘက် မှာ ဓာတ်မီး ဖြင့် ရှာဖွေခဲ့ပါတယ် ဘာသဲလွန်စမှ မရခဲ့ပါဘူး ပုံမှန်လဲ အဲ ဖြတ်လမ်းက ပြန် တဲ့ အတွက်ကြောင့် အဲ ဖြတ်လမ်း ကနေ သူ့အိမ်ထိ CCTV ရှိမရှိ လိုက်လံ စုံစမ်းမေးမြန်းခဲ့ပါတယ် မတွေ့ရှိခဲ့ပါဘူး အဲနေ့ CCTV တွေ့တွေ့ချင်းပဲ သက်ဆိုင်ရာ ရဲ ကို ဖုန်းဆက်ပီး ကျွန်တော့ တွေ့ရှိတဲ့ CCTV မှတ်တမ်းအသစ် ကို ပြောပြပါတယ် ကျိုက်မရော အဝိုင်း ဘက်ကို သွားတာ မဟုတ်နိုင်ကြောင်း ရှင်းပြပါတယ် ကျွန်တော်တို့ ရသလောက် ရှာဖွေပီး မတွေ့ရှိခဲ့သောကြောင့် အိမ်ပြန် ပီး တိုင်ပင် ဆွေးနွေးကြပါတယ် အဲချိန် မှာ ပဲ Dr AZT ၏ ဖုန်းတွင် ချိတ် ထားသော Mi account နှင့် Gmail account ကို ရရှိရန်အတွက် နည်းလမ်း ပေါင်းစုံ ကြိုးစားနေပါတယ် ###(9-12-2019)### ဒီနေ့ မနက် မှာလဲ လူပြတ် တယ် ဆိုတဲ့ အုတ်ဖို ဖြတ်လမ်း ဘက်ကို မနက် ၇ နာရီ လောက်ကနေ စပီး Dr kyaw thet ၏ အဖေ အကူအညီ ဖြင့် ပြန်လည် ရှာဖွေပါတယ်။ မနက် ၉ နာရီ ထိ ဘာထူးခြားတာမှ မတွေ့ ရှိရသောကြောင့် Dr kyaw thet ၏ အဖေတို့ အုပ်စုသာ ဆက်လက် ရှာဖွေ ခဲ့ ပီး ကျွန်တော် တို့မှ Dr AZT ၏ ATM card မှ ငွေ ထုတ် မထုတ် ကို သွားရောက်စစ်ဆေး ခဲ့ပါတယ် အဲမှာ လဲ ငွေ လုံးဝ ထုတ်ထားတာ မရှိပါဘူး ကျွန်တော် တို့ ATM card စစ်ပီး ငွေ မထုတ်ထားကြောင်းကိုသက်ဆိုင်ရာ ရဲ ကို အကြောင်းကြားပါတယ် ###(10-12-2019)### မြေပြင်အနေအထားမှာ ထူးထူးခြားခြား ဘာသတင်းမှ မရပါဘူး အဲနေ့ ည မှာပဲ ကျွန်တော်တို့ Dr AZT ရဲ့ Google account ကို recovery ရရှိသွားပါတယ် ကျွန်တော်တို့ရဲ့ IT ပိုင်းဆိုင်ရာ အားနည်းမှု ကြောင့် ၅ ရက်ကြာမှ ရရှိသွားပါတယ် Google account ရရှိသွားသော်လဲ Dr AZT က သူ အသုံးပြုနေသော ဖုန်း Mi max 2 မှာ GPS ပိတ်ထားသောကြောင့် location history မရရှိခဲ့ပါဘူး ###(11-12-2019)### မြေပြင်အခြေအနေ ဘာ ထူးခြားတဲ့ သတင်းမှ ထပ်မရပါဘူး ပီးတော့ ကျွန်တော် တို့ သိရှိကြားသိရတဲ့ သတင်းတွေက Dr AZT က အကြွေးတွေ ပတ်လည် ဝိုင်းပီး ထွက်ပြေး နေတဲ့ အကြောင်း ပီးတော့ ကောင်မလေး တယောက်နဲ့ ထွက်ပြေး သွားပါတယ် ဆိုတဲ့ သတင်း မီဒီယာ တွေ မှာ ပျံ နှံ့ လာပါတယ် ဘယ်မီဒီယာလဲ ဆို တာ တော့ တိတိကျကျ တော့ မသိပါဘူး သတင်း ဖြစ်ရော ပီးရော တင်တဲ့ မီဒီယာ ဖြစ် မှာပါ အဆင့်မရှိတဲ့ မီဒိယာ ပါ ရုံးတွင်း ပိုင်းမှာလဲ တချို့ တချို့သော နေရာ တွေမှာလဲ အဲလိုပဲ ပြောနေကြကြောင်း ကြားသိရပါတယ် ဘယ် ဌာန လဲတော့ မသိပါဘူး သူတို့ ကို သူတို့ သိမှာပါ ။ အဲဒီ ချိန် ထိ ကျွန်တော် တို့ ရှာဖွေ နိုင်တဲ့ အင်အား မရှိတော့ပါဘူး ကျွန်တော် တို့ လိုက်ဖို့ အဆင့် မမှီ တဲ့ တခုခု ဖြစ်နေလောက်ပီ လို့ ယူဆ မိလို့ သက်ဆိုင်ရာ ရှာဖွေရေး ဌာန သာ ဒီ သတင်းကို အမှန် ယူဆ ပီး ကျွန်တော် တို့ရဲ့ ပျောက်ဆုံးနေသော Dr AZT နှင့် သူ၏ သား ကို မရှာ ဖွေ ပေးတော့လျှင် ကျွန်တော် တို့ လက်လွှတ် ဆုံးရှုံ ရမယ့်အနေ အထား ဖြစ်နေပါပီ။ အဲဒါကြောင့် ပျောက်ဆုံးပီး ၇ ရက်အကြာ (၁၂-၁၂-၂၀၁၉) မှာ သတင်းစာ ရှင်းလင်းပွဲ လုပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ် အဲနေ့တွေမှာပဲ Dr AZT အသုံးပြုတဲ့ Mi phone ရဲ့ IMEI ကို Facebook ပေါ်တင်ပီး location history ရဖို့ အကူအညီ တောင်းခံ ကြည့်ပါတယ် လာရောက်ဆက်သွယ်ပီး ကူညီပေးကြပါတယ် ကူညီပေးသူတွေကို ကျေးဇူးတင်ပါတယ် ဒါပေမယ့် တိကျတဲ့ location မရခဲ့ပါဘူး အဲညနေ မှာ ရန်ကုန်က ညီတယောက် messenger ကနေ ဆက်သွယ်လာပါတယ် သူ IT ပိုင်း ဆိုင်ရာ ကူညီပေးဖို့ အတွက် အဲတော့ သူ့မိသားစုကို တိုင်ပင် ပီး account တွေ ပြန်ရဖို့ ရန်ကုန်က ညီ ကို လုပ်ခိုင်းဖို့ သဘောတူလိုက်ကြပါတယ်အဲညမှာ ပဲ ရန်ကုန်က ညီ က mi account တခု ကို recovery ရခဲ့ပါတယ် Dr AZT အသုံးပြုခဲ့တဲ့ mi account ပါပဲ ကျွန်တော် တို့ အရမ်း ဝမ်းသာခဲ့ပါတယ် ရဲ ဌာန ကတော့ SIM card location ရဖို့တော့ အထက် ကို အဆင့်ဆင့် တင်ပြထားပီး လုပ်ဆောင် ကြိုးစားနေတယ် လို့ သိရပါတယ် သိသလောက်ကတော့ ယနေ့ အသုဘ ချ ပီးတဲ့ အထိ ရတယ် လို့ သတင်း မကြားမိသေးပါဘူး ###(12-12-2019)### သတင်းစာ ရှင်းလင်းပွဲ မလုပ်ခင်မှာ နယ်လုံ ဝန်ကြီး နဲ့ သွားရောက် တွေ့ဆုံ ခဲ့ပါတယ် သတင်းစာ ရှင်းလင်းပွဲ မှာ Dr AZT ရဲ့ အိမ်ပြန် လမ်းကြောင်း တွေကို ချပြခဲ့ ပါတယ် ပီးတော့ Dr AZT ဟာ လောင်းကစား အရှုပ် အရှင်း မရှိကြောင်း လဲ ပြောပြ ခဲ့ပါတယ် သူ့အိမ်ပြန် တဲ့ လမ်းကြောင်းပေါ်ရောက်နေတဲ့ လူတယောက်ဟာ နောက်ကို ဘယ်လိုမှ ပြန် မလှည့်နိုင်ကြောင်း ထွက်သွားမယ် ဆိုရင်တောင် ကလေး ကို ခေါ်ဆောင် သွားမည် မဟုတ်ကြောင်း ရှင်းပြပီး မီဒီယာ များ သိလိုသမျှ ကို ဖြေကြားပေးခဲ့ပါတယ်အဲနေ့ သတင်းစာ ရှင်းလင်းပွဲ အပီးမှာပဲ စစစ မှ ညွှန်မှူး မှ ကျွန်တော်တို့ကို လှို့ဝှက် တွေ့ဆုံပီး ကျွန်တော် တို့ကို အကြောင်းအရာ တွေကို အသေးစိတ် မေမြန်းပီး နောက်ကွယ် မှ ကူညီ ဖို့ ဆက်သွယ် ခဲ့ ပါတယ် ကျွန်တော် တို့ သူတို့နဲ့ တွေ့တာ တော်တော် အားရှိသွားပါတယ် data အချက်အလက်တွေ ဖလှယ် ပေးခဲ့ ပါတယ် ကျွန်တော် တို့အတွက် ရှာဖွေ တွေ့ရှိဖို့ လမ်းစ ရပီလို့လဲ မျော်လင့်မိပါတယ် ### 13-12-2019 ### ####ဒီ စုံစမ်းမှု တွေ အားလုံးကို ကျွန်တော် တယောက်တည်း လုပ်တာ မဟုတ်ပါဘူး အဲဒါလေး တခုတော့ ကြိုပြောထားပါရစေ ။ ကျွန်တော်ကလဲ စာရေးကောင်းသူ မဟုတ်သော ကြောင့် စိတ်ထဲ ရှိသလိုပဲ ရေးသားထားသေကြောင့် အမှား ပါပါက သည်းခံ ခွင့်လွှတ်ပေးပါရန်#### ၁၂-၁၂-၂၀၁၉ မှာ ကျွန်တော် တို့ နဲ့ စစစ က လှို့ဝှက် တွေ့ဆုံပီး ကျွန်တော် တို့ တော်တော် ကျေနပ် အားရခဲ့ပါတယ် အဓိကမြေပြင် မှာ ကျွန်တော် တို့နဲ့ တူတူ လိုက်ပေး တာက ကိုမိုးသူအောင် (စစစ) ပါ။ ကိုမိုးသူအောင်ကို ကျေးဇူး အများကြီး တင်ရှိပါတယ် ကျွန်တော် တို့ ကို ကူညီ ခွင့်ပေးသော သက်ဆိုင်ရာ လူကြီးမင်း များကို ကျေးဇူးတင်ရှိကြောင်း ဦးစွာ ပြောကြားလိုပါတယ် ဒီ နေ့မှာ ကိုမိုးသူအောင်က တော့ နောက်ဆုံး CCTV ရခဲ့ တဲ့ drကျော်သက် တို့ အိမ်နား မှာ အရင် ထောက်လှမ်းရှာဖွေပါတယ် အဲ ဒီ အပိုင်းတော့ ကျွန်တော် တို့ အသေးစိတ် မသိလို့ မရေးတော့ပါဘူးကျွန်တော်တို့ တွက်ထားတာက ဒီ ဝန်းကျင်မှာ ပဲ criminal case ဖြစ်သွားတယ် လို့ ယူဆ မိလို့ပါ Dr kyaw thet တို့ အိမ်က CCTV ကို Dr AZT ကားဖြတ်ပီး နောက်ပိုင်း မနက် ၆ နာရီ ထိ အသေးစိတ် ပြန်ကြည့်ပါတယ် ကိုမိုးသူအောင်လဲ ကြည့်ပါတယ် ဆိုင်ကယ် ဘယ်ချိန် ဖြတ်တယ် ဘယ်ကား ဘယ် ချိန် ဖြတ် တယ် သံသယရှိစရာ အကုန် လုံးကို စာရွက် နဲ့ ချရေးပီး ကိုမိုးသူအောင် ရဲ့ သုံးသပ်ချက်တွေနဲ့ ပြန်လည် ဆွေးနွေးပါတယ် ကျွန်တောတို့ဟာ လေ့ကျင့်သင်ကြားထားတဲ့ စုံထောက်တွေ မဟုတ်လို့ အားနည်း ချက်တွေ ရှိနိုင်ပါတယ် ကျွန်တော် တို့ အဲနား တဝိုက် ကို ပုံစံ မျိုးစုံ နဲ့ မသင်္ကာ စရာ နေရာ အားလုံး ကို အသွင် မျိုးစုံ နဲ့ ဝင်ရောက် လေ့လာပါတယ် ထူထူး ခြားခြား သံသယ ဝင်စရာ ဘာ အချက်အလက် မှ မရခဲ့ပါဘူး ဒီကြားထဲမှာ မဟုတ် မမှန် ပဲ ခြိမ်းခြောက်ငွေညှစ်တာတွေ အမှန် အကန် ရှိခဲ့ပါတယ် အဲဒါ နဲ့ ပတ်သတ်ပီး ကျွန်တော် တို့ အသေးစိတ် ပြန်လည် ရေးသားပါ့မယ် ခဏ ကပြောခဲ့ သလိုပဲ ကျွန်တော်တို့ Dr AZT ရဲ့ Mi account တခု ရခဲ့ပါတယ် အဲဒီ mi account က လတ်တလော Dr AZT အသုံးပြုတဲ့ account မဟုတ် ပဲ အရင် ဖုန်းက account ဖြစ်နေပါတယ် ကံတရား က မျက်နှာသာ မပေးပါဘူး ကျွန်တော် တို့ အခက် အခဲ ပေါင်းစုံ ကြုံရပါတယ် နောက် ကံ ကောင်းစွာနဲ့ ပဲ Dr AZT နောက်ဆုံး အသုံးပြုခဲ့ mi max 2 အကောင့် password ကို ရရှိလိုက်ပါတယ် အဲတုန်းက တော်တော် ပျော်ခဲ့ပါတယ် ဖုန်းကို အသုံးပြုတာ နဲ့ ကျွန်တော် တို့ find device ကနေ location ရရှိမှာပါ ကျွန်တော်တို့ find device နဲ့ ရှာသော်လည်း ဖုန်းက လုံးဝ ပိတ်တဲ့ အနေအထား ဖြစ်နေသောကြောင့် can't locate ပဲပြနေပါတယ် ဖုန်း SIM card location ကတော့ မရသေးပါဘူး ရဲ က ဆက်လိုက်နေဆဲပါပဲ တကယ်လို့ ဖုန်းက လုယူသွားခံ ရတာ ဆိုရင် ဖုန်းကို ဖွင့်မှာပဲ ဆိုင်မှာ lock ဖြေ မှာပဲ ကျွန်တော် တို့ အဲဒါ ကို အချိန် မှိ သိအောင် လုပ်ထားပါတယ် ဒါပေမယ့် ဘာမှ မထူး ခြားလာပါဘူး ###14-12-2019### ကျွန်တော်တို့ ဖုန်းကနေ ဘာ location မှ မရတော့လို့ ရေထဲ မှာ ရှိနေမလား ဆိုပီး စိုးရိမ်စိတ် ပိုလာပါတယ် ဖုန်းရော ကားရော လူရော ရေထဲများ ကျသွားမလားဆိုပီး ငါးကန်တွေကို ဆင်းကြည့်ပါတယ် သေချာ ကြည့်ပါတယ် Dr AZT ကို ချစ်ကြတဲ့ သယ်ရင်း တွေကလဲ အုတ်ဖို ငါးကန် တဝိုက်ကို ရှာပါတယ်ကျွန်တော် တို့ငါးကန် ကို ရေငုပ်ရှာဖွေဖို့တောင် ရန်ကုန်က ညီ တယောက်နဲ့ တိုင်ပင်ပါတယ် ငါးကန်က ရေဒူးကျော်ကျော် လောက်ပဲ ရှိတာရယ် ငါးကန်မှာလဲ ဆီ တွေ ဝေ့နေတာ ဘာမှ မရှိဘူး ပီးတော့ ငါးကန်ကို ရေငုပ်ရှာ ဖွေ ဖို့ကိုလဲ မိသားစု ဘက်က စိတ် အခြေ အနေ အရ အဆင် မပြေပါဘူး ဘယ်လို့မှ မမျော်လင့်ထားတဲ့ ကိစ္စ လဲ ဖြစ်နေ သက်သေ အထောက်အထားလဲ မခိုင်လုံ လို့ ကျွန်တော်တို့ အုတ်ဖို ငါးကန်တွေ ရေငုပ် မရှာဖြစ်ပါဘူး drone နဲ့ အုတ်ဖိုက ငါးကန် တဝိုက်ကို ကြည့်ဖို့ စီစဉ်ပါသေးတယ် ရဲတွေ လဲ ဝင်ထွက်နေကြတယ် စုံစမ်းနေကြတယ် ဆိုလို့ ကျွန်တော် တို့ ရဲ လုပ်ငန်းစဉ်ကို နှောက် ယှက်သလို ဖြစ်မှာ စိုးလို့ မရှာ ဖြစ်ခဲ့ပါ ဒီနေ့ထိ ဘာ ခြေနေ မှ မထူးလာပါဘူး ဘာ CCTV မှတ်တမ်းမှ မရှိပါဘူးကျွန်တော် တို့ အုတ်ဖို လမ်းကနေ ဖြတ်လမ်း ဘက် မဟုတ်ပဲ နည်းနည်း လူရှုပ်တဲ့ လမ်းကြောင်းဘက် CCTV တွေ လိုက်ပါတယ် အဲမှာ အဓိက ကျွန်တော် တို့က အိမ်တွေက CCTV ကို မရှာပဲ ဓာတ်ဆီ ဆိုင် တည်းခိုခန်း CCTV တွေကို ဦးစားပေး ရှာမိပါတယ် သူတို့က လမ်းပေါ်ရောက်တဲ့ CCTV မရှိပါဘူး ည ၉ နာရီ ဆို CCTV ပိတ်ပါတယ် လို့ ပြောပါတယ် ###(15-12-2019)### ဒီနေ့မှာပဲ နောက်ကွယ်က ကူညီသူ တဦးက Dr kyaw thet ရဲ့ အိမ်ကနေ တည့်တည့် လာတဲ့ ဘက်က CCTV တခု ရခဲ့ပါတယ် ပန်းပျိုးလတ် မူကြို ကနေ ရတာပါ အဲဒီ CCTV က ကင်မရာက မှန်ဘီလူး ခုံး ဖြစ်နေလို့ Dr AZT ရဲ့ ကား ဟုတ် မဟုတ်ကို အတည်ပြုဖို့ ခဲယဉ်းပါတယ် ကျွန်တော် ပုံစံ မျိုးစုံ ပြောင်းကြည့်ပါတယ် Fog light မီး ကား speed တချို့ တချို့တော့ အချက်တွေကြောင့် Dr AZT ရဲ့ ကား ဖြစ် တယ် လို့ confirm ဖြစ်သွားပါတယ် အရင် ပြန်နေကျ လမ်းက လူပြတ် တာရယ် ကလေး ပါနေသောကြောင့် လူများ လူရှုပ်တဲ့ လမ်းကို ရွေးချယ်ခဲ့ပုံပါပဲ ဒီ ချိန် ထိ အသိကောင်းစွာ ရှိနေတယ် လို့ ခန့်မှန်း လို့ရပါတယ် အဲချိန်က ရက်တော်တော် ကြာသွားတာရယ် ကျွန်တော် တို့လဲ အလုပ်ကိစ္စ တွေ ရှိသေးတာကြောင့် အချိန်ပြည့် မစုံစမ်း နိုင်တော့ပါဘူး အားတဲ့ အချိန် ခဏ လေး ကို ပဲ ကမန်းကတန်း ပြေးလာပီး စုံစမ်းရပါတယ်ကျွန်တော် တို့ ရတဲ့ ဒေတာ အချက်အလက်တွေကို ဖုန်းကနေ တဆင့်ပဲ ဆွေးနွေး တိုင်ပင် ဖြစ်ပါတယ် ###(၁၆-၁၂-၂၀၁၉)### ပန်းပျိုးလတ်က CCTV က ဖြတ်သွားတဲ့ ကားကို Dr AZT ရဲ့ကားဖြစ် ကြောင်း သက်သေ ပြနိုင်ဖို့ Dr kyaw thet နဲ့ ပန်းပျိုးလတ်ကြား မှာ CCTV file တခု ထပ်ရပါတယ် Dr AZT ရဲ့ ကားဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပါပီ ပြသနာ က Dr kyaw thet အိမ်ရှေ့ CCTV မှာ Dr Azt ရဲ့ ကားနဲ့ ၂ မိနစ်လောက်အကွာ မှာ ခဲရောင် ဆင်တူ ကားတစီး ဖြတ်သွားပါသေးတယ် CCTV camera တွေ တခုခု နဲ့ တခု အချိန်တွေ မတူညီ ကြပါဘူး ကျွန်တော် တို့ အချိန်တွေ ညှိရပါတယ် နောက်ဆုံး အတည်ပြုနိုင်တာကတော့ Dr kyaw thet အိမ်ရှေ့ မှာ 10:49pm ပန်းပျိုးလတ်မှာ 10:59pm ခန့် Dr kyaw thet နဲ့ ပန်းပျိုးလတ်ကြားက CCTV မှာ 10:55 pm လို့ အတည်ပြုနိုင်ခဲ့ပါတယ် Dr kyaw thet နဲ့ ပန်းပျိုးလတ်ကြားက CCTV file ကို ကိုမိုးသူအောင် ရှာဖွေ ရရှိခဲ့ပါတယ် ကျွန်တော် တို့ရရှိတဲ့ data တွေ ဖလှယ်ကြပါတယ် တိုင်ပင် ကြပါတယ် ###(17-12-2019)### Dr kyaw thet နဲ့ ပန်းပျိုးလတ် အတိုင်းသွားလျှင် နောက်ထပ်ရွေးစရာ လမ်း ၃ လမ်း ရှိပါတယ် (လှိုင်မီးပွိုင့်လို့ နာမည်ပေးပါရစေ) ညာဘက်ချိုးရင် သူ့အိမ် သွားတဲ့ လမ်းပါ ဘယ်ဘက် ချိုးလျှင် မြေနီကုန်း အဝေးပြေးလမ်းမ ပေါ်ရောက်ပါတယ် ထပ်ပီး ဘယ်ညာ ပြန်ခွဲပါတယ် အဲမှာ ဘယ်ဘက်ခြမ်း မှာ Suzuki show room က CCTV file ရပါတယ် Dr AZT ရဲ့ကားနဲ့ ဆင်တူ ကားတောင် မဖြတ်ပါဘူညာဘက်အခြမ်း ဆို သံလွင်တံတား မုတ္တမ ဘက်ကို ဦးတည်တဲ့ လမ်း ကြောင်းပေါ်ကနေ ရွှေလမင်း ဆေးရုံ က CCTV file ရပါတယ် Dr AZT ရဲ့ ကားနဲ့ တူတဲ့ အရိပ်အယောင် မတွေ့ပါဘူး CCTV ကြည့်ရှုရာမှာ ပြသန။ အခက်အခဲ များစွာ တွေ့ရှိရပါတယ် file type မတူလို့ ဖွင့်မရတာတွေ ကျော်လို့ မရတာတွေ အစုံပါပဲ IT ကိုလဲ သိပ်မကျွမ်းကျင်တာလဲ ပါပါတယ်အခု လှိုင်မီးပွိုင့် ရဲ့ ဘယ်ဘက်ကို ရှာပိးပါပီ ရှေ့တည့်တည့်မှာ CCTV ရှိပါတယ် Dr AZT ရဲ့ ကား မဖြတ်ပါဘူး ကျွန်တော် တို့ လှိုင်မီး ပွိုင့် ရဲ့ ညာဘက် ခြမ်း Dr AZT ရဲ့ အိမ် ပြန်လမ်းကို ချို့ကွေ့ခါနီး CCTV ထပ်ရပါတယ် ကားမတွေ့ပါဘူး လှိုင်မီးပွိုင့်ကနေတော့ တော်တော် ဝေးပါတယ်ကြားမှာ နောက်ထပ် ချိုးကွေ့စရာ လမ်းခွဲ အများကြီး ရှိပါတယ် ဒီကြားထဲမှာ Dr AZT ရဲ့ အိမ်မရောက်ခင် ၁၀ အိမ်အလိုက CCTV file ကို လဲ သွားရောက်ကူးယူခဲ့ပါသေးတယ် ပထမ တခါ ကူး တဲ့ အခါမှာ ကင်မရာ မှားကူးမိပါတယ် အိမ်ပြင် ကင်မရာ မပါလာပါဘူး နောက်တခါ ထပ်ကူးလာပါတယ် ပြသနာ က file type မတူ လို့ ဘယ်လို ဖွင့်ဖွင့် မရခဲ့ပါဘူး ပီးတော့ ရောက်လိမ့်မယ် လို့ မထင်သောကြောင့် အတင်းအကြပ် ကြီးတော့ မကြိုးစားခဲ့မိပါဘူး ###(18-12-2019)### မနက်ပိုင်းကတော့ ဘာမှ မထူးခြားလာပါဘူး သူ့အိမ်သားတွေကတော့ မြန်မြန် ပြန်လာပါစေတော့ ဆိုပီးပဲ မေတ္တာ ပို့ပေးနိုင်ပါတော့တယ်ဘာမှ မတတ်နိုင်တော့ပါဘူး ကျွန်တော် တို့ လဲ လှိုင်မီးပွိုင့်ကနေ လမ်းစ ပျောက်သွားပါတယ် ဘယ် လိုက်ရမှန်းမသိတော့ပါညနေ လောက်မှာ ကျိုက်မရော မြို့နယ် ချောင်း၂ ခွ ဘက်မှာ တွေ့လိုက်ပါတယ် ဆိုပီး သတင်းအတိအကျ ရလို့ ရဲတပ်ဖွဲ့တွေရော အဖွဲ့ အစည်း အစုံ ရွာတိုင်းကို လိုက်လံ ရှာဖွေ ကြပါတယ် ကျွန်တော် တို့လဲ တကယ် တွေ့ပီ ဆိုပီး ပျော်ရွှင် ခဲ့ကြပါတယ် ပီးတော့ ဝမ်းနည်းစွာပဲ သတင်း အမှားကြီး ဖြစ်နေပါတယ် 😥😥😥 ###(19-12-2019)### ###(20-12-2019)### ###(21-12-2019)### မည်သည့်သတင်းမှ မထူးလာပါဘူး ကောလဟာသတွေကတော့ ပြန့်နှံနေတုန်းပါပဲ ပြန့်နှံ့တဲ့ ကောလဟသ နဲ့ ပတ်သတ်ပီး ကျွန်တော် တို့ ဘာမှ မဖြေရှင်းတော့ပါဘူး အချိန်တန် ကိုယ့်လူပြန်ရပါစေပဲ ဆုတောင်းနေမိပါတယ် ကောလဟာသ တွေ မှနိပါစေ အသက်ရှင်နေပါစေ လို့တောင် ဆုတောင်းမိပါတယ် ကျွန်တောတို့အတွက် မျှော်လင့်ချက် မဲ့ သလောက် ဖြစ်နေပီ ဆိုတာ သတိထားမိလာပါတယ် နောက်ဆုံး ဖမ်းဆီး ပြန်ပေး ဆွဲ ထားပီး ပိုက်ဆံ နဲ့ လာရွေးခိုင်းမယ့် အချိန်ကို ရူးရုးမိုက်မိုက် စောင့် ဆိုင်းမိပါတယ် ကျွန်တော် တို့ သက်ရှိ ထင်ရှား ပဲ လိုချင်တဲ့ ဆန္ဒ ရှိပါတယ် ###(22-12-2019)### ကိုမိုးသူအောင်ထံမှ အဆက်အသွယ် ရရှိလာပါတယ် လှိုင်မီးပွိုင့် ညာဘက် အချိုးဘက်မှာ CCTV တခု ရှိကြောင်း ဖုန်းဆက်ပြောလာပါတယ် ကျွန်တော်လဲ ချက်ချင်း လိုက်သွားပီး CCTV ကြည့်ပါတယ် ကံကောင်းစွာနဲ့ပဲ ချက်ချင်း Dr AZT ရဲ့ကား ဖြတ်သွားတာကို အတိအကျ တွေ့ရှိရပါတယ် ကား စတေကာ ကအစ မြင်ရပါတယ် ကီလို 20 speed လောက်နဲ့ ပဲ အေးဆေး မောင်းသွားပါတယ် သူ့ရဲ့ ကား confirm ပါ ဒီ နေရာ ကို လှိုင်ဈေးလို့ နာမည် ပေးပါရစေ အဲ ညမှာ လှိုင် ဈေး CCTV နဲ့ Dr. Kyaw thet CCTV ကို အထပ်ထပ် ပြန် ကြည့်ပါတယ် Dr AZT ရဲ့ကားများ ထွက်သွားသလား ဆိုပီးတော့ ကိုမိုးသူအောင်လဲ ညတိုင်း ပြန်ကြည့်ပါတယ် ထူးခြားတာ မတွေ့ရှိရပါဘူး ကျန်တဲ့ အချိန်မှာတော့ mi account ကနေ find device နဲ့ အဆက်မပြတ် ရှာဖွေ နေပါတယ် can't locate ပါပဲ ###(23-12-2019)### Dr AZT ရဲ့ အိမ်မရောက်ခင် Aung နည်းပြ CCTV file တွေ ကို ကြည့်လို့ရအောင် လုပ်ဖို့ ကျွန်တော် ကြိုးစား ကြည့်ပါတယ် နေ့လည် တနာရီလောက်မှာ ဖွင့်လို့ ရသွားပါတယ် အဲမှာ Dr AZT ရဲ့ကား ဖြတ်သွားတာကို တွေ့ရှိသွားပါတယ် ကျွန်တော် တို့ တုန်လှုပ် ခြောက်ခြားသွားပါတယ် ဘယ်လိုမှ မမျော်လင့် မိတဲ့ အရာတခု ဖြစ်နိုင်ချေ ရှိနေပီ ဆိုတာ 😥😥😥 အဲမှာလဲ သတိ ကောင်းစွာ နဲ့ ပဲ speed kilo 20-30 ပတ်လည် နှုန်း လောက်နဲ့ပဲ မောင်းနေတာပါ စစစမှ ကိုမိုးသူအောင် ဆီ ဖုန်းဆက် CCTV မှာ တွေ့တဲ့ အကြောင်း ပြောပြ သူလဲ ရေထဲ ဆင်းသွားတာ ဖြစ် နိုင်နေပီလို့ ပြောတာကြောင့် ကျွန်တော် တို့ ၂၄-၁၂-၂၀၁၉ မှာ ရေငုပ်သမား အဖွဲ့ နဲ့ တိုးတိုးတိတ်တိတ်ရှာ ဖွေ ဖို့ တိုင်ပင် ကြပါတယ် နောက် ကိုမိုးသူအောင်မှ သက်ဆိုင်ရာ ရဲစခန်းကို အသိပေးလိုက်ပါတယ် သူတို့လဲ CCTV ပြန်ကြည့် wish ဖြစ်ကြောင်း confirmပါတယ် ဒါပေမယ့် ကင်မရာ အကွာအဝေးအလင်းအမှောင်ကြောင့် wish ဆိုတဲ့ စာတန်း နဲ့ စကပ်က ပျောက်ကြား စတေကာကို aung နည်းပြ CCTV မှာ မတွေ့ ရှိပါဘူး ရဲ ဘက်အပိုင်းမှလဲ နောက်နေ့ ၂၄-၁၂-၂၀၁၉ မှာ ရှာဖွေဖို့ ဆုံးဖြတ် ကြပါတယ် ရှာဖွေ မှု ကို ဖြစ်နိုင်ရင် တိုးတိုး တိတ်တိတ် လေးပဲ ဖြစ်စေချင်ပါတယ် သူမိသားစု မှာ ဒီလို အခြေ အနေကို ဘယ်လိုမှ လက်မခံ နိုင်သေးတဲ့ အနေအထားပါ ###(၂၄-၁၂-၂၀၁၉)### ရဲတပ်ဖွဲ့တွေ ရေငုပ် အဖွဲ့တွေ လူမှု ကယ်ဆယ်ရေး အဖွဲ့တွေ မနက် ၈ နာရီ ၉ နာရီ လောက် စရှာကြပါတယ် နေ့လည် ၁၂ နာရီ ဝန်းကျင်မှာ Dr AZT ရဲ့ ညီမ ဒိုင်ယာနာ မှ ဖုန်းဆက် အကြောင်းကြားလာပါတယ် "ကားတွေ့ပီ ကိုမိုး" တဲ့ ကျွန်တော် တို့ မျော်လင့် ထားသမျှ အကုန် ပျက်သုန်းသွားပါတယ် ကျွန်တော် တို့ ကြိုးစားရှာဖွေ ခဲ့ ကြပါတယ် ရလာဒ်ကောင်း မျော် ကိုးပိး နေ့မအား ညမအား ရှာဖွေ ခဲ့ ကြပါတယ် ပြန်လည် ရှာဖွေ တွေ့ ရှိတဲ့ အတွက် ဝမ်းနည်းစွာနဲ့ပဲ ကျေနပ် နှစ်သိမ့်ခဲ့ရပါတယ်😥😥😥😥😥😥😥😥😥😥😥 အောက်မှာ ရေးသား ထားသည် များမှာ ကျွန်တော် ၏ ထင်မြင်ယူဆချက်များသာ ဖြစ်ပါသည် ** Dr AZT သည် လမ်း အချိုးအကွေ့ များစွာကို သတိကောင်းကောင်းဖြင့် မောင်းနှင်ခဲ့ပါသည်သူသည် မျက်မှန်သမားဖြစ်ပါတယ် ညဘက် ကားမောင်းလျှင် သူ မျက်မှန် မတပ်ပါဟု သူကျွန်တော့်ကို ပြောဖူးပါသည် မြင်ရလားဟု သူ့ကို မေးမြန်းရာ ကောင်းကောင်း မမြင်ရ အလုံးအထည်သာ မြင်ရပါသည်ဟု ပြောဖူးပါသည် ကွဲကွဲပြားပြား မမြင်ရပါ ဟုပြောဖူးပါသည် ** သည်အရာတွေကတော့ ကျွန်တော်တို့ ရှာဖွေတွေ့ရှိခဲ့ တဲ့ မှတ် တမ်းလေးပါ ပြည်သူများ သိရှိနိုင်ရန် အတွေ့အကြုံ ရရှိစေရန်အတွက်သာ တင်ပြခြင်း ဖြစ်ပါတယ် ကျွန်တော် တို့ ပင်ပန်း ခဲ့ရပါတယ် အခု ရလာဒ် ကတော့ ပင်ပန်း ရကျိုး မနပ်ပါဘူး ကျွန်တော် တို့ တော် တော် ကြေကွဲ ခဲ့ရပါတယ် သူ့မိသားစုက ကျွန်တော့် မိသားစုလိုပါပဲ ကျွန်တော် တိုဘ လုပ်ရပ် ကို ကဲ့ရဲ့ ချင် ရင် လဲ ကွယ်ရာမှာပဲ ကဲ့ရဲ့ ကြပါလို့ မေတ္တာ ရပ်ခံ ချင်ပါတယ် Dr AZT ကို ထပ်ပီးတော့ လဲ ပြစ်တင် မရှုံချ ပါနဲ့ လို့ တောင်းဆိုပါရစေ သေဆုံး တဲ့ သူကို ပြစ်တင် ကဲ့ရဲ့ နေတာဟာ ကျန်ရစ် ခဲ့ တဲ့ သူတို့ မိသားစု ဆွေမျိုး ညီကို မောင်နှစ်မ တွေ ကို ကဲ့ရဲ့ နေသလိုပဲ ခံစားရပါတယ် ကျွန်တော် တို့ သယ်ရင်း Dr အေးဇော်ထွန်း နှင့် သူ၏ သား စသုတမွန် တို့ နှစ်ဦး စိတ် ဖြောင့်ဖြောင့် ဖြင့် နောင် ဘဝ ကူး ကောင်း အောင် ဝိုင်းဝန်း ဆုတောင်းပေးကြပါလို့ တောင်းဆိုပါရစေ
ကျန်ရစ်သူ မိသားစု cd- Moe Than Htike Aung
ကျေးဇူးတင်ပါတယ်၊အဖြစ်အပျက် တစ်ခု၊ ကိစ္စ တစ်ခကို လွယ်လွယ်နဲ့ ကောက်ချက်မချသင့်ဘူးဆိုတာ နားလည်သွားရတာပေါ့၊ အမှန်တရားက နည်းနည်းကြာတယ်လေ။